ချစ်ကြည်ရေးခရီး လည်ပတ်ရန်  ရောက်ရှိနေသည့် ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

 

ချစ်ကြည်ရေးခရီး လည်ပတ်ရန်  ရောက်ရှိနေသည့် ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

 

နေပြည်တော်၊ ၂၀၂၄ မတ် ၃

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့်ထိုင်းဘုရင့်ရေတပ်မှစစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊စစ်သည်များနှင့် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

          အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးစီး၍ ချစ်ကြည်ရေးခရီးရောက်ရှိလာခြင်းဖြစ်ပြီး မတ်လ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။