မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများလုပ်ဆောင်နေကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများလုပ်ဆောင်နေကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၃

    မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညပိုင်းအချိန်များ၌ လူငယ်များကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေကြောင်း မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိ ရပါသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သော စစ်ဆေးခြင်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး  အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်းခြင်းများ မရှိကြောင်းနှင့် ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်အလက်များ ကို အများပြည်သူသိရှိနိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများအပါအဝင် မီဒီယာပေါင်းစုံဖြင့် ထုတ်လွှင့်ဖော်ပြပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာန များမှ အသိပညာပေးဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက ပြည်သူလူထု အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်သတင်းများကို အချိန်ကိုက် ဝါဒဖြန့်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းသတင်းရရှိသည်။