တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

 

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

          (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

          (ခ)     လျှောက်ထားသူသည် ၁-၅-၂၀၂၄ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး  အသက်(၂၅)နှစ်ထက်မကြီးရ။

          (ဂ)     အခြေခံပညာ အဋ္ဌမတန်း (သို့) Grade-9 အောင်မြင်ပြီးသူ ဖြစ်ရမည်။

          (ဃ)   အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့် အထက်ရှိရမည်။

   (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း   အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့်စဉ်းစားပါမည်။)

          (င)     မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

၂။       လျှောက်လွှာများအား  နီးစပ်ရာတပ်/ဌာနချုပ်များတွင်  အခမဲ့ ထုတ်ယူ၍ဖြစ်စေ  Myawady Webportal (www.myawady.net.mm/private(female) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများ နှင့်အတူ ၄-၃-၂၀၂၄ ရက်နေ့မှ ၁၇-၄-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-    

          (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။       

          (ခ)     အခြေခံပညာ အဋ္ဌမတန်း (သို့မဟုတ်) Grade-9 အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက် လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ/ဘွဲ့ ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

          (ဂ)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

          (ဃ)   တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

          (င)     အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

          (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။   

၃။  ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာ ရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင် သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ အခြေခံတပ်သားသစ် သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တပ်သားသစ်လစာ(၁၄၄၀၀၀)ကျပ်ကို ခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက တပ်သားအခြေခံ လစာ(၁၅၀၀၀၀)ကျပ်နှင့်  စရိတ်များ ခံစားခွင့်ရရှိမည်။

၅။  အခြေခံတပ်သားသစ် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း  မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့ (သို့မဟုတ်) သင့်လျော်ရာ လက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။

မှတ်ချက်။     အသေးစိတ် သိရှိလိုပါက နီးစပ်ရာတပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။