လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင် အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကြည့်ရှုစစ်ဆေး

 

လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင် အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၃

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူ ဦးတင် အောင်သန်း၏  စိုက်ဧက လေးဧကတွင် စိုက်ပျိုးထားသည့် ပိုက်ဆန်လျှော်မျိုးစေ့ထုတ် စိုက်ခင်းကို   ကြည့်ရှုအားပေးပြီး မရဲ့အုန်းပင်စုကျေးရွာ  စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက ၁၀၀ တွင် ဓာတ်မြေသြဇာနှင့်    သဘာဝမြေသြဇာ အချိုးကျရောစပ် ကြဲပက်နေမှုများကိုကြည့်ရှုအားပေး၍  တောင်သူများထံသို့  မြေသြဇာများ ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာရှိ တောင်သူ ဦးတင်အောင်သန်း၏ စိုက်ဧက ၂၅၀ တွင် နယူးဧရာ(၁)စပ်မျိုးစပါး  နွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက အထွက်တိုးမျိုးကောင်း များသုံးစွဲမှု၊ စပါးခွံမြေဆွေး သဘာဝမြေသြဇာ နှင့် ဓာတ်မြေသြဇာ အချိုးကျသုံးစွဲမှု၊ စိုက်ပျိုးရေ စနစ်တကျပေးနိုင်မှု၊ စိုက်နည်းစနစ်များ စနစ်တကျအသုံးပြု စိုက်ပျိုးမှု၊ စပါးပင်ပွား ရရှိမှု၊  တစ်နှံပါအောင်စေ့ ပါဝင်မှုအခြေ အနေများ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အားပေးစကားများ ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊  တောင်သူများအနေဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်အတွက်  မြေဆီလွှာများ  ပြန်လည်ကောင်းမွန်ရန် အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးလျက် ရှိသည်ကို တွေ့ရှိရ ကြောင်း၊ ဓာတုမြေသြဇာ သုံးစွဲခြင်းများကို လျော့ချ၍ သဘာဝမြေသြဇာများ သုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ကြောင်း  ပြောကြား သည်။     

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွေစပါးစံကွက် ရိတ်သိမ်းခဲ့ရာ တွင် တစ်ဧကပျမ်းမျှအထွက်နှုန်း ၂၄၂ တင်း ထွက်ရှိမှုအား ကြည့်ရှုအားပေးပြီး နွေစပါး ပန်းတိုင်အထွက်နှုန်း ကျော်လွန်အောင် စိုက်ပျိုး နိုင်သည့် တောင်သူ ဦးတင်အောင်သန်းအား ချီးကျူးဂုဏ်ပြုစကားများ ပြောကြားကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ် ဝဲဒေါင့်ကျေးရွာရှိ တောင်သူ ဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာ super sun-41   ၅ ဧက စိုက်ပျိုးထားရှိမှုနှင့် ဝါးခယ်မမြို့နယ် ကလ ကျေးရွာရှိ တောင်သူဦးအေးဟန်၏ ဆင်းရွှေကြာ-၂၊  (၅) ဧက နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ကလကျေးရွာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြော ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မြောင်းမြမြို့နယ် မဒေါ့ပင် ကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းနိုင်ဝင်း ၏ စိုက်ဧက ၅ ဧက၌ စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုး စေ့ထုတ်စိုက်ခင်းတွင် မြေသြဇာကြဲပက်မှု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက် နေမှုနှင့် အီးအမ်ဘိုကာရှီသဘာဝမြေသြဇာ ပြုလုပ်ထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများစနစ်  တကျသုံးစွဲစေရေးနှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာတွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား(ဒုတိယနေ့)အဖြစ် အဓိကသီးနှံ ၁၀ မျိုးပန်းတိုင်အထွက်နှုန်း ရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ခရိုင်အဆင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး အတွက် ဆောင်ရွက်ရမည့် သီးနှံအလိုက် လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးခြင်း၊ မွေးမြူရေးတောင်သူစားပွဲဝိုင်း၊ ငါးမွေးမြူ ရေးတောင်သူစားပွဲဝိုင်းတို့ဖြင့် ဆွေးနွေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန် နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုး စေရန် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး အကြေအလည် ဆွေးနွေးပေးကြရန် မှာကြား သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ တောင်သူဦးစန်းဦး ၏ လယ်မြေ ၂ ဧကတွင်  Strip Cropping (နေကြာ super sun-41၊ အစေ့ထုတ်ပြောင်း၊ ဘိုကိတ်ပဲ) တစ်ဧကစိုက်ပျိုးထားရှိမှုနှင့် နေကြာ Super Sun-41 တစ်ဧက စိုက်ပျိုး ထားရှိမှု ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာ ရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက ၁၀ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ နေကြာ Super Sun-41 ၈ ဧက၊ ဆင်း ရွှေကြာ-၁ (၂)ဧက ဖြစ်ထွန်း အောင်မြင်နေမှု များကို ကြည့်ရှုအားပေးခဲ့သည်။