နည်းပညာတက္ကသိုလ် (မကွေး) ၌ အမျိုးသမီး သုံးထပ်အိပ်ဆောင်သစ် တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

 

နည်းပညာတက္ကသိုလ် (မကွေး) ၌ အမျိုးသမီး သုံးထပ်အိပ်ဆောင်သစ် တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

 

    မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ နည်း ပညာတက္ကသိုလ်  (မကွေး) ၌  လူဦးရေ ၂၄၀ ဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင်သစ် တည်ဆောက်နေမှု   ၉၀  ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်း၏ ပြောကြားချက်အရ သိရသည်။

နည်းပညာတက္ကသိုလ် (မကွေး) ၌ ရပ်ဝေးမှ    လာရောက် ပညာသင်ယူနေကြသော ကျောင်းသူများ အချိန်ကုန်၊ လူပန်းမှုသက်သာပြီး ကုန်ကျစရိတ် သက်သာစွာ ပညာသင်ယူနိုင်စေရန်၊ အဆောင်နေလိုသော ရပ်ဝေးမှ ကျောင်းသူဦးရေနှင့် အိပ် ဆောင်မျှတမှုရှိစေရန် စသည့်ရည်ရွယ်ချက် များဖြင့်  အဆိုပါ အမျိုးသမီးသုံးထပ်အိပ် ဆောင်သစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ခွင့်ပြု ငွေ ငွေကျပ် ၁၇၆၈ ဒသမ ၇၂၈ သန်းဖြင့် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်သည်။

“နည်းပညာတက္ကသိုလ် (မကွေး) မှာ လူဦးရေ ၂၄၀ ဆံ့ ကျောင်းသားအိပ်ဆောင် တစ်ဆောင်နဲ့ ကျောင်းသူအိပ်ဆောင်တစ်ဆောင်ရှိပြီးတော့ အခုတည်ဆောက်နေတဲ့ ကျောင်းသူအိပ်ဆောင်သစ်က   တတိယမြောက် အဆောင်ဖြစ်ပါတယ်။    အဲဒီ အဆောင်သစ်က  သုံးထပ်ဆောင်ဖြစ်ပြီး တစ်ထပ်မှာ အခန်း ၄၀ ရှိတဲ့အတွက် စုစု ပေါင်း အခန်း ၁၂၀ ပါရှိမှာဖြစ်ပါတယ်။ တစ်ခန်းကိုနှစ်ဦးနှုန်း နေရာချထားမှာဖြစ် တဲ့အတွက် စုစုပေါင်းလူဦးရေ ၂၄၀ အထိ နေထိုင်နိုင်မှာဖြစ်ပါတယ်။ အခန်းတိုင်းမှာ ခုတင်၊ စာကြည့်စားပွဲနဲ့ ကုလားထိုင် စတဲ့ ပရိဘောဂပစ္စည်းတွေ ထားရှိပေးမှာဖြစ်ပြီး   အဆောင်ရဲ့ အနောက်ဘက်မှာ   ထမင်းစားဆောင်ပါ တစ်ပါတည်း တည်ဆောက် ပေးထားပါတယ်” ဟု ဒေါက်တာတင်ဆန်း ကပြောသည်။

လက်ရှိတွင် ကျောင်းသူအိပ်ဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းမှာ  ၉၀ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ယခုဘဏ္ဍာ နှစ်အကုန်တွင်   အပြီးတည်ဆောက်ရန် ရည်မှန်းထားကြောင်း၊ လက်ရှိအဆောင်များတွင် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယ နှစ် ကျောင်းသား၊ ကျောင်းသူများကို နေထိုင်ခွင့်ပြုထားသည့်အတွက် ထိုအဆောင် သစ်တည်ဆောက်ပြီးစီးပါက   ရပ်ဝေးမှ လာရောက် ပညာသင်ယူနေကြသော စတုတ္ထ နှစ်ကျောင်းသူများနှင့်  ပဉ္စမနှစ်ကျောင်းသူ များကို နေထိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။