ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရေးအသိပညာပေး ဆွေးနွေး

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရေးအသိပညာပေး ဆွေးနွေး

 

    မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိ နားလည်နိုင်စေရေးနှင့်  ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေးအတွက်  ပြည်သူ့ စစ်မှုထမ်း ဥပဒေဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲကို မတ်လ ၃ ရက်တွင် ပွင့်ဖြူ မြို့နယ် ရွာသစ်ကျေးရွာဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍  ပြည်သူ လူထု   ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍   အသိ ပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေ အရာရှိ    ဒေါ်ရှယ် ရတနာဦးက    ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုက်နာရ မည့်အချက်များကို   ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက လူမှု ကွန်ရက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက် ဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း  စသည့်ရေးသား ဖော်ပြချက်များမှာ    လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာ ဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့်   တရားဥပဒေ စိုးမိုးရေး အတွက် လုံခြုံရေး လုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်    တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက  ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်း စရာ ပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။