ရေကြည်မြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၇၈၄၈  ဧက လျာထားချက်အမီ စိုက်ပျိုးပြီးစီး

 

ရေကြည်မြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၇၈၄၈  ဧက လျာထားချက်အမီ စိုက်ပျိုးပြီးစီး

 

ရေကြည်  မတ်  ၃

    ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၇၈၄၈ ဧက လျာထားချက်အမီ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျုံပျော်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး  ဦးကျော်ကျော်၏ ပြောပြချက်အရ   သိရသည်။

ရေကြည်မြို့နယ်၌  ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်  ဖူးစားပြောင်း  ၇၈၄၈  ဧကကို  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၇၈၄၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊  အဆိုပါဖူးစားပြောင်းများ   အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများက စနစ်တကျပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ တောင်သူတွေ အခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့နည်းပညာနဲ့ တခြားပံ့ပိုးကူညီမှုတွေကို ကြိုတင်ပြုလုပ်ပေးခဲ့ပါတယ်။ ဖူးစားပြောင်း ၇၈၄၈ ဧကအထိ လျာထားစိုက်ပျိုး ပြီးစီးပြီဖြစ်ပါတယ်။    

 ဖူးစားပြောင်းတွေ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်း ကောင်းမွန်စေဖို့ စိုက်ပျိုးနည်းစနစ်နဲ့ တခြားလိုအပ်တဲ့ ပံ့ပိုးမှုတွေကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်စပ်ဌာနက တာဝန်ရှိသူ တွေ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အရင်နှစ်တွေကထက် အထွက်နှုန်းကောင်းမွန်စေဖို့၊ အရည်အသွေးကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် ကင်းရှင်းစေဖို့ လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ပေးထားပါတယ်။ တောင်သူအသိပညာပေး လုပ်ငန်းတွေကိုလည်း အဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ဦးကျော်ကျော် ကပြောသည်။

ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ရေကြည်မြို့နယ်၌ ဖူးစားပြောင်းများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်၊  ရွက်လိပ်ပိုး၊ ရွက်ဖျက်ပိုး၊ ငမြှောင်တောင်ပိုး စသည့် ပိုးမွှားအန္တရာယ်များ မကျရောက်စေရန်၊ အထွက်နှုန်း ကောင်းမွန်စေရန်၊ အရည်အသွေး ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူအသိပညာပေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။