ခရိုင်းမီးယားဒေသသို့ ဝင်ရောက်လာသည့် ဒရုန်း ၃၈  စင်းကို ရုရှားကြားဖြတ်တားဆီးနိုင်ခဲ့

 

ခရိုင်းမီးယားဒေသသို့ ဝင်ရောက်လာသည့် ဒရုန်း ၃၈  စင်းကို ရုရှားကြားဖြတ်တားဆီးနိုင်ခဲ့

 

    ရုရှားစစ်ဘက်က ခရိုင်းမီးယား ဒေသအတွင်းသို့ ဝင်ရောက်လာသည့်   ဒရုန်း အနည်းဆုံး  ၃၈ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဒရုန်းများကို ယူကရိန်းတပ်ဖွဲ့က လွှတ်တင်၍ ခရိုင်းမီးယားဒေသအား တိုက်ခိုက်ရန်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒရုန်းများကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက ကြားဖြတ်တားဆီးခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းတပ်များသည် အဆိုပါတိုက်ခိုက်မှုများကို ညတွင်းချင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ရုရှားအာဏာပိုင်များက ခရိုင်းမီးယားတံတားသို့ သွားရောက်မည့် လမ်းကြောင်းများအား ပိတ်ပစ်ရန်  ညွှန်ကြားခဲ့ရကြောင်း သိရသည်။

ခရိုင်းမီးယားဒေသတွင် ရုရှားနိုင်ငံ၏ အဓိကရေတပ်စခန်းတစ်ခု တည်ရှိပြီး ယင်းစခန်းအား ယူကရိန်းတပ်ဖွဲ့များက ဒရုန်းများ၊ ဒုံးကျည်များဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။