(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများကျင်းပ

(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၄

         (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(ရေ) ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့တွင် သန်လျင်တပ်နယ်၊ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကွပ်ကဲမှုအောက် ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြသည်။

         အဆိုပါ တပ်မတော်(ရေ)ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲသို့ ဝင်ရောက် ဖြေဆိုနေကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းလူနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

         အလားတူ (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုနေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။