ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်‌ရေး(Martial Law)အမိန့်အမှတ် ၃/ ၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ( ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်‌ရေး(Martial Law)အမိန့်အမှတ်  ၃/ ၂၀၂၄

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော်  ၉   ရက်

( ၂၀၂၄ ခုနှစ်၊ မတ်လ ၄  ရက်)

၁။            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-

               (က)    မန်တုံမြို့နယ်

               ( ခ)    နမ့်ဆန်မြို့နယ်

               ( ဂ)    နမ္မတူမြို့နယ်      

၂။            တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်း ကောင်း စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကို ကျင့်သုံးနိုင်သည်။

 

အမိန့်အရ

 

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ