တိုင်းဒေသကြီးအဆင့် ကင်းထောက်နည်းပြ သင်တန်းဖွင့်ပွဲ ကျင်းပ

 

တိုင်းဒေသကြီးအဆင့် ကင်းထောက်နည်းပြ သင်တန်းဖွင့်ပွဲ ကျင်းပ

 

    ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော် မတီမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး အဆင့် ကင်းထောက်နည်းပြ သင်တန်းဖွင့်ပွဲ ကို မတ်လ ၃ ရက်က ရန်ကုန်တိုင်းဒေသ ကြီး အလုံမြို့နယ်ရှိ  အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး   လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ    အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ     ပါမောက္ခများ၊ တာဝန်ရှိသူများ၊   ဆရာ၊ ဆရာမများနှင့် ကင်းထောက်ကျောင်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်များက ပြည်သူ့အတွက် အစဉ်အသင့် သီချင်းဖြင့်    ဂုဏ်ပြုသီဆိုကြပြီး  ရန်ကုန် တိုင်းဒေသကြီး  လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြား ကာ    မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က  ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက်   ကင်းထောက်လုပ်ငန်း ဆောင်ရွက်ခဲ့မှု Video Click ကို ပြသပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော် မတီဥက္ကဋ္ဌ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ကင်းထောက်နည်းပြသင်တန်းနှင့်  လူငယ်ကင်းထောက် သင်တန်းများအတွက် ချီးမြှင့်ငွေကို လည်းကောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကင်းထောက်ဝတ်စုံများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     လူမှုရေးရာဝန်ကြီးက  သင်ထောက်ကူ လက်ဆွဲစာအုပ်များကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။