မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၄

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည်   မတ်လ  ၄ ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်   မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr.J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ၊ နှစ်နိုင်ငံ ရေပိုင်နက်အတွင်း  လုပ်ကိုင်လျက်ရှိသည့်  ကမ်းဝေးငါးဖမ်း လုပ်ငန်းများအနေဖြင့်    နိုင်ငံတကာ ပင်လယ်ရေကြောင်း    နယ်နိမိတ်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။