မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

နေပြည်တော် မတ် ၄

    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုးကုတ်မြို့ ရန်ကြီးအောင်ရပ်ကွက် ရတနာရှင်လမ်းနေ မောင်မောင်အေးနှင့် လှဝင်းမောင်တို့၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် မိုးကုတ်မြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ရတနာရှင်လမ်းရှိ နေအိမ်မှ မမော်မော်အား  စိတ်ကြွရူးသွပ်ဆေးပြား  ၁၇၅၅၀  ကို လည်းကောင်း၊အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည်  တာချီလိတ်မြို့နယ်၊ တာလေမြို့၊  နားယောင်းကျေးရွာအုပ်စု၊တောင်သုံးလုံးကျေးရွာနေ အားဆန်၏နေအိမ် ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။