(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၅

          (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်သည် တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ် ရာ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။