တန့်ဆည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

တန့်ဆည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ ၁၁ ဦး ကို သတ်ဖြတ်ခြင်း၊ ကျေးရွာ ၉ ရွာမှ နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း သတင်း တု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လူမှုကွန်ရက် ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ တန့်ဆည်မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦး ကို သတ်ဖြတ်ခဲ့ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခြင်းစသည့်သတင်းများမှာ မှန်ကန်မှုမရှိဘဲ လုပ်ကြံရေးသားထားခြင်း သာဖြစ်ကြောင်း သိရှိရသည်။

     PDF အမည်ခံအကြမ်းဖက်သမားများသည် တန့်ဆည်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကံထူးမကျေးရွာရှိ နယ်မြေရဲစခန်းကို လာရောက်တိုက်ခိုက်ကာ ကျေးရွာရှိနေအိမ်များနှင့် နယ်မြေ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်၊ ၂၉ ရက်နှင့် မတ်လ ၄ ရက်နေ့များတွင်လည်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင် များအား လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နှောက်ယှက် တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံး မှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။