ရမည်းသင်းမြို့နယ်၊ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းသို့ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော်ကို စစ်သင်တန်း တက်ရောက်ရန် ပို့ဆောင် လိုက်ကြောင်း ကောလာဟလ သတင်းအမှားများကို ရည်ရွည်ချက်ရှိရှိ ရေးသားဖြန့် ဝေလျက်ရှိ

 

ရမည်းသင်းမြို့နယ်၊ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းသို့ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော်ကို စစ်သင်တန်း တက်ရောက်ရန် ပို့ဆောင် လိုက်ကြောင်း ကောလာဟလ သတင်းအမှားများကို ရည်ရွည်ချက်ရှိရှိ ရေးသားဖြန့် ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၅

    ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ မတ်လ ၂ ရက်နေ့က ၁၂ ဘီး ကားအစီး ၂၀ ဖြင့် လူငယ် ၄၀၀ ကျော်ရောက်ရှိနေကြောင်း၊ အဆိုပါ လူငယ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် မြို့ကြီးများမှ ပေါ်တာဆွဲခံရသည့်လူငယ်များဖြစ်ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ကောလာဟလ သတင်းအမှားများကို မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့် ရေးသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ ၎င်းရက်နေ့တွင် စစ်သင်တန်းတက်ရောက်ရန် ၁၂ ဘီးကား အစီး ၂၀ ဖြင့် လူငယ် ၄၀၀ ကျော် ရောက်ရှိခြင်းမရှိကြောင်းနှင့် ၎င်းသတင်းသည် ကောလာဟလ သတင်းအမှားများ သာဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ပြည်သူများ၊ လူငယ်လူရွယ်များ စိုးရိမ်ထိတ်လန့်စေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှားများဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် ဝါဒဖြန့် လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။