နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ မတ် - ၅

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

     အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူတို့ တက်ရောက်ကြသည်။

     ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာများတွင် အတူတကွအပြန်အလှန် ပူးပေါင်းဆောင် ရွက်လျက်ရှိမှု အခြေအနေများ၊  မြန်မာနိုင်ငံမှ ရဟန်းသံဃာများနှင့် သာသနာနွယ်ဝင် သီလရှင်များ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုနှင့် သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား မြန်မာနိုင်ငံမှ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခဲ့မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းများတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားကုန်သွယ်မှု များမြှင့်တင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ပညာရေးဆိုင်ရာများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။