တောင်ကြီးမြို့နယ်၌ နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

တောင်ကြီးမြို့နယ်၌ နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

    ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်  သစ်တောရပ်ကွက်ရှိ  ပြည်နယ် လေ့ကျင့်ရေး အားကစားကွင်း၌ မတ်လ ၄  ရက်က    ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

    အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ထူးချွန်ထက်မြက်သည့် အားကစား မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ခြင်း၊ နည်းစနစ်များကို  ကျွမ်းကျင်ပိုင်နိုင်လာစေခြင်း၊ မိမိဝါသနာပါသည့် အားကစားကို ကိုယ်တိုင်ရွေးချယ်ပြီး ကစားနိုင်ခြင်း၊ စသည့်အကျိုးကျေးဇူးများ  ရရှိလာနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားသည်။

    ဆက်လက်၍    ပြိုင်ပွဲဝင်အားကစား အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက်  တာဝန်ရှိသူများက သင်တန်းသား၊    သင်တန်းသူများအား လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဝူရှူးသင်တန်းသား၊  သင်တန်းသူများက အားကစားနည်းအလိုက်  သရုပ်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်း အလိုက် အထောက်အကူ ပစ္စည်းများပေး အပ်သည်။

အဆိုပါသင်တန်းကို မတ်လ ၃၁ ရက် အထိ     ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အားကစားနည်း ၂၀ ဖြင့် သင်တန်းသား၊ သင်တန်းသူ ၁၂၇၁ ဦးအား  လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။