ဆေးရုံတက်ရောက် ကုသနေသော ကျောင်းသား၊ ကျောင်းသူ(လူနာ)များ အတွက် စာဖြေဌာန လေးခုဖွင့်လှစ်ထားမည်

 

ဆေးရုံတက်ရောက် ကုသနေသော ကျောင်းသား၊ ကျောင်းသူ(လူနာ)များ အတွက် စာဖြေဌာန လေးခုဖွင့်လှစ်ထားမည်

 

ရန်ကုန်  မတ်  ၅

    ကျန်းမာရေးဝန်ကြီးဌာန ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ ၏ ညှိနှိုင်းထားချက်အရ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန လေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက် ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူ(လူနာ )များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှု ဆက်ဆံရေးဌာနနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။