ပဲခူးတက္ကသိုလ်၌ အင်္ဂလိပ် ဘာသာစကား စွမ်းရည်ပြိုင်ပွဲကျင်းပ

 

ပဲခူးတက္ကသိုလ်၌ အင်္ဂလိပ် ဘာသာစကား စွမ်းရည်ပြိုင်ပွဲကျင်းပ

 

ပဲခူး  မတ်  ၅

    အင်္ဂလိပ်စာဘာသာစကား စွမ်းရည်(၄)ရပ်(Four Skills)ကို မြှင့်တင်ပေးရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတက္ကသိုလ် Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ လက်ငင်းဟောပြောချက်နှင့် စာပေစကားဝိုင်း ဆွေးနွေးမှု အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က အဖွင့်အမှာ စကားပြောကြားပြီး အင်္ဂလိပ်စာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်ချိုက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 ထို့နောက် ဝိဇ္ဇာ/သိပ္ပံ အထူးပြုဘာသာရပ်များမှ ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးက အံ့အားသင့်မိသော အရာ၊ အားကစားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး၊ သမိုင်းဝင်နေရာ တစ်ခုသို့ အလည်တစ်ခေါက်၊ အားကစား လုပ်ခြင်းသည် ကျောင်းသားများအတွက် ဘာကြောင့်အရေးကြီးသလဲ၊ ပဲခူးတက္ကသိုလ် မှရရှိသောချိုခါးခါး အမှတ်တရများ၊ လူသားများနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ကျွန်ုပ်အနှစ်သက်ဆုံး  တန်ဖိုးနည်းသော အာဟာရအစားအစာ၊ TV  ကြည့်ရာမှလေ့လာသင်ယူမိသော အရာများ စသည့်ခေါင်းစဉ်များဖြင့် လက်ငင်းစကားပြော ပြိုင်ပွဲဝင်ကြပြီး ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက အဖွဲ့လေးဖွဲ့ခွဲ၍  လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ပလတ်စတစ်ဆာဂျရီ၊ လူငယ်နှင့်သဘာဝ ပတ်ဝန်းကျင်၊ လူငယ်နှင့် စည်းကမ်းခေါင်းစဉ်များဖြင့် စကားဝိုင်း ဆွေးနွေးကြသည်။

ယင်းနောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့်စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတို့တွင်   ဆုရရှိသူကျောင်းသား၊   ကျောင်းသူများအား ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်  ဒေါက်တာအေးအေးခိုင်၊ ဒုတိယ ပါမောက္ခချုပ်များဖြစ်သည့်  ဒေါက်တာအေးအေးခိုင်မြင့်၊ ဒေါက်တာစန်းယုမော်နှင့် တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။