ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဖရက်ကီဒီဂျောင်နှင့်ပီဒရီတို့ ဒဏ်ရာ ရရှိခဲ့သောကြောင့် အသင်းအတွက် အခက်တွေ့ဖွယ်ရှိ

 

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဖရက်ကီဒီဂျောင်နှင့်ပီဒရီတို့ ဒဏ်ရာ ရရှိခဲ့သောကြောင့် အသင်းအတွက် အခက်တွေ့ဖွယ်ရှိ

 

    ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဖရက်ကီဒီဂျောင်နှင့် ပီဒရီတို့    ဒဏ်ရာရရှိခဲ့သောကြောင့် အသင်းအတွက် အခက်တွေ့ဖွယ်ရှိကြောင်း သိရသည်။

စပိန်လာလီဂါပြိုင်ပွဲတွင်   အဆင့်(၃)   နေရာ၌ ရပ်တည်နေသည့် ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ဘီလ်ဘာအို အသင်းနှင့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည့်ပွဲစဉ် ပထမပိုင်းတွင် ယင်းကစားသမား နှစ်ဦးစလံုံး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်၏ ပွဲကစားချိန်ပထမပိုင်း ၂၆ မိနစ် တွင်  ဖရက်ကီဒီဂျောင်သည် ခြေချင်းဝတ် အရွတ်စုတ်ပြဲ ဒဏ်ရာရရှိပြီး ပထမပိုင်းပြီးဆုံးခါနီးတွင် ပီဒရီသည် ညာပေါင်ကြွက်သားနာကျင်မှုကြောင့်  ကွင်းအတွင်း  လဲကျခဲ့သည်။ ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် အဆိုပါ ကစားသမားနှစ်ဦးစလုံး  ဒဏ်ရာမှ အမြန်ဆုံး ပြန်လည်သက်သာစေရန် ဆေးကုသမှု ခံယူရမည်ဖြစ်ပြီး  မည်သည့်အချိန်ထိ  အနားယူရမည်ကို မသိရှိရသေးကြောင်း သိရသည်။

ဘာစီလိုနာဝက်ဘ်ဆိုက်တွင် အဆိုပါပွဲစဉ်အပြီး နည်းပြဇာဗီက  “ပွဲကစားချိန် ပထမပိုင်းမှာ  ကစားသမားနှစ်ဦး ဒဏ်ရာရရှိခဲ့တာက  အသင်းအပေါ်ထိခိုက်မှုရှိခဲ့ပြီး ကျွန်တော်တို့အသင်း ကံမကောင်းခဲ့ဘူး။ ဒီကစားသမားနှစ်ဦးက အသင်းအတွက်  အရမ်း အရေးပါတဲ့ သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကစား သမားနှစ်ဦးကို     ပွဲစဉ်များစွာ စွန့်လွှတ်ရပါဦးမယ်။  ကျွန်တော်တို့က ပွဲကစားချိန်တွေမှာ ရှိတဲ့အစွမ်းတွေကို ထုတ်မပြနိုင်ခဲ့ပါဘူး”ဟု ပြောသည်။

ယခုတစ်ပတ်  စပိန်လာလီဂါပွဲစဉ်များအပြီးတွင် ဘာစီလိုနာအသင်းသည် အဆင့်(၂) နေရာမှ ဂီရိုနာ အသင်းနှင့်  တစ်မှတ်အကွာ၊ အဆင့်(၁)  နေရာမှ ရီးယဲလ်မက်ဒရစ် အသင်းနှင့်   ရှစ်မှတ်အကွာ အနေအထားတွင် ရှိနေပြီး ယခုဘောလုံးရာသီ စပိန်လာလီဂါ ချန်ပီယံဆုအတွက်  ရုန်းကန်ရဖွယ် ရှိနေကြောင်း သိရသည်။