ပဲခူးမြို့၊ ကဝမြို့နှင့် သနပ္ပင်မြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

ပဲခူးမြို့၊ ကဝမြို့နှင့် သနပ္ပင်မြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၆

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကဝမြို့နှင့် သနပ္ပင်မြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ က ပဲခူးမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

    ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် က အမှာ စကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။