မင်းလှမြို့နယ်၌ မြေအောက်ရေအား ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

 

မင်းလှမြို့နယ်၌ မြေအောက်ရေအား ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

 

    မကွေးတိုင်းဒေသကြီး    သရက်ခရိုင် မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေ အောက်ရေအား ရေမှုန်ရေမွှားရေဖျန်း စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို   မတ်လ   ၅   ရက်က  ကုန်းကြီးကျေးရွာ ကွင်းအမှတ် (၉၆၃) တောင်သူ ဦးဝင်းဘို၏ သုံးဧကစိုက်ကွက်၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးသန်းထွန်းအောင်၊ သရက်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး   ဦးမြင့်စိုး၊   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးသိန်းတို့က မြေ အောက်ရေအား ရေမှုန်ရေမွှားရေဖျန်း စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်းနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တောင်သူများက မြေအောက်ရေကို ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက    ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါမြေအောက်ရေအား   ရေမှုန်ရေမွှားရေဖျန်း စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးရာတွင် နွေနှမ်းမျိုးမှာ ဆင်းရတနာ-၁၄ ဖြစ် ပြီး စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၈၅ ရက်အကြာတွင် ရိတ်သိမ်းနိုင်ကြောင်း၊ နွေနှမ်းစိုက်ပျိုးခြင်းဖြင့်     ဒေသတွင်း၌ စားသုံးဆီဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးရာတွင်    ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စိုက်ပျိုးမည့် သီးနှံ အလိုက် မျိုးရရှိရေး၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များကို အသိပညာပေး ဆောင်ရွက်လျက်ရှိရာ တောင်သူများကလည်း ပန်းတိုင်အထွက်နှုန်း ရရှိရေး  လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။