MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

ရန်ကုန်  မတ်  ၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် စတင်ပြီး ရန်ကုန်မြို့၌  ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။ MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှကလပ်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့် အပျော်တမ်းလိဂ်မှခြေစစ်ပွဲ အောင်မြင်သည့် အသင်းများဖြင့်  မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများမစတင်မီ ကျင်းပခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ကစားခဲ့ရာ ရတနာပုံအက်ဖ်စီအသင်းက  ၅ ဂိုး ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ပြီး ရတနာပုံအက်ဖ်စီအသင်းအတွက် သွင်းဂိုးများကို ကြည်စိုး၊ ခင်ကျော်ဝင်း၊ အာကာနှင့် စိုးမင်းဦးတို့ သွင်းယူပေးခဲ့ကာ ညနေ ၄ နာရီတွင် တက္ကသိုလ်အားကစားကွင်း၌  Silver Star အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ ဧရာဝတီယူနိုက်တက်အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းသွင်းဂိုးများကို ချမ်းငြိမ်း၊ နန်းထိုက်ဇော်၊ အောင်မင်းသူနှင့် အောင်ပြည့်ဖြိုးတို့က အသီးသီး သွင်းယူပေးခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့်  Dagon Port အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိသည်။ ဟံသာဝတီယူနိုက်တက် အသင်းအတွက် နှစ်ဂိုးကို ဇင်မင်းထွန်းနှင့် Dagon Port အသင်းအတွက် သွင်းဂိုးကို တီငြိမ်မင်းက လည်းကောင်း၊ YUSC အားကစားကွင်း၌ ISPE အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးကို  Saw Sae Ka Paw Say နှင့် သိန်းဇော်သီဟတို့ကလည်းကောင်း  သွင်းယူပေးခဲ့ကာ  သစ္စာအားမာန်အသင်းအတွက်  သွင်းဂိုးကို ပြည့်စုံအောင်က သွင်းယူပေးခဲ့ကြောင်း သိရသည်။               

စည်သူအောင်