တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၆

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်၊ လယ်ဝေး ခရိုင်နှင့် ဥတ္တရခရိုင်များ အတွင်း၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၇၂၈)တန်၊ အခြားသစ် (၃၈ ဒသမ ၀၃၃)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၆၈၅၉၁၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မတ်လ ၄ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ် ကူဖြူကျေးရွာနှင့် ပြောင်းပြာကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၅၂)ဂါလန်၊ ပရီမီယမ် ဒီဇယ်ဆီ (၃၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၆၁၆၀)နှင့် အဆိုပါစက်သုံးဆီများ သယ်ဆောင်လာသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များဖြစ်သည့် Smash Johnson 110 (၁)စီး၊ Dayang 125 (၁)စီး၊ Luojia 110 (၁)စီး၊ Canda 125 (၁)စီး၊ Kenbo 110 (၁)စီးနှင့် Shayan 125 (၁)စီး စုစုပေါင်း မော်တော်ဆိုင်ကယ် (၆)စီး(ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၀၀၀၀၀)တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မင်းတုန်းမြို့နယ်၊ ပန်းပင်ကုန်းကျေးရွာအနီး၌   လိုင်စင်မဲ့ Lifan Faw မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၈၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၂၂၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၂၃၃၈၂)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Pangolin Safety Helmet ဦးထုပ်(၁၄၄)လုံးအပါအဝင် ကုန်ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၄၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Kyo Kyar Bus (၁)စီးနှင့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၆၄၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ မတ်လ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ တရားမဝင် ခဲသတ္တု (၁၆၃)ကီလိုဂရမ်၊ ချန်ချိုင်းအမျိုးအစား၂ လုံးထိုးအင်ဂျင် (၁၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅၀၀၀၀) ကို သတ္တုတွင်းဥပဒေအရ လည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ၊ စမုံဂလက်ရေပြင်၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၇ ဒသမ ၁၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၆၆၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သား ကိုယ်ထည်စက်လှေ(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၅၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်သည့် Honda Wave-100 (၁)စီး၊ Honda Scoopy (၁)စီးနှင့် TACT Honda (၁)စီး စုစုပေါင်း မော်တော်ဆိုင်ကယ်(၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၇၆၆၄၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်နှစ်ကောင်စားအုန်းဆီ(၅)လီတာပါ(၂၀၀)ဘူး၊ (၂)လီတာပါ ဘူး(၃၀၀)၊ (၁)လီတာပါ ဘူး (၁၂၀၀) အပါအဝင် ကုန်ပစ္စည်း (၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Xingfa Aluminium Profiles ကီလိုဂရမ် (၁၇၀၀၀) ခန့်မှန်းတန်ဖိုးငွေကျပ် (၉၂၈၂၀၀၀၀)နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Fuyin Winding Machine (၁)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၈၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ယာဉ်အပိုပစ္စည်း  L.K.B NH3 Oil Filters ခု(၅၀၀၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၆၀၀၀)ကို လည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ဘူး (၄၈၆၀)အပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၀၁၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မတ်လ ၅ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင်ကျောက်စိမ်း ကီလိုဂရမ်(၉၀၉ ဒသမ ၅၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၇၃၈၂၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၁ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၈၂၈၆၂၁၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။