လီဗာပူးအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ကယ်အိုလီဗာ တာဝန်ယူကိုင်တွယ်မည်

 

လီဗာပူးအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ကယ်အိုလီဗာ တာဝန်ယူကိုင်တွယ်မည်

ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ချန်ပီယံဆုအတွက်  အရေးကြီးပွဲစဉ်ဖြစ်လာမည့်  လီဗာပူးအသင်းနှင့်  မန်စီးတီးအသင်းတို့ ကစားမည့်ပွဲစဉ်ကို  ကွင်းလယ်ဒိုင်အဖြစ် မိုက်ကယ်အိုလီဗာက တာဝန်ယူကိုင်တွယ်မည် ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်အိုလီဗာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်တန်းပွဲစဉ် အများအပြားကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသော  ဒိုင်လူကြီးတစ်ဦး ဖြစ်သောကြောင့် ပရီးမီးယားလိဂ်ဒိုင် အဖွဲ့ချုပ်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ချန်ပီယံဆုအတွက် အရေးကြီးပွဲစဉ်ဖြစ်သည့် လီဗာပူးအသင်းနှင့် မန်စီးတီးအသင်း တို့ပွဲစဉ်တွင် ဒိုင်လူကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၇ ပွဲကစားပြီးချိန်တွင် လီဗာပူးအသင်းက  ၆၃ မှတ်ဖြင့်  အမှတ်ပေးဇယား ထိပ်ဆုံးမှ  ဦးဆောင်နေပြီး မန်စီးတီးအသင်းက ၆၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၂)နေရာမှ ဖိအားပေးနေကာ   အာဆင်နယ်အသင်းကလည်း ၆၁ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃) နေရာမှ ဖိအားပေး နေသောကြောင့် လီဗာပူးအသင်းနှင့်မန်စီးတီးအသင်းတို့ပွဲစဉ်သည်   ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာဖွယ်ရှိသည်။

အဆိုပါပွဲစဉ်တွင်   လက်ထောက်ဒိုင်များအဖြစ် စတူးဘက်၊ ဒန်ကွတ်၊ အကူဒိုင်အဖြစ် ဒေးဗစ်ကုတ်တီ၊ VAR  ဒိုင်လူကြီးအဖြစ်   စတူးဝပ်အက်ဝဲလ်တို့က တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

Ref;Fabrizio Romano