မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara  အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara  အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လက်ခံတွေ့ဆုံ

 

နေပြည်တော်  မတ်  ၆

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အနေဖြင့် သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုးရှိသည့် ဆေးနှင့်  ဆေးပစ္စည်းများအား  မိမိတို့ အခက်အခဲရှိသည့်အချိန်တွင် ကူညီထောက်ပံ့ပေးသည့် အတွက် နိုင်ငံတော် ဝန်ကြီးချုပ်နှင့်တကွ ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာပြည်သူပြည်သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းဆေးပညာ ကဏ္ဍ၊ ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍတို့တွင် ဆက်လက်၍ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးပညာရပ်ဆိုင်ရာ အတွေ့အကြုံအသိပညာများ အပြန်အလှန် နှီးနှော ဖလှယ်ရေး ကိစ္စရပ်များ၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 တွေ့ဆုံပွဲအပြီးတွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊  ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။