ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ မတ် - ၇

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက် တွေ့ဆုံသည်။

         ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အိမ်ရာဝန်းအတွင်း အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ တည်ဆောက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။