တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   မတ်  ၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မြို့ပတ်လမ်းသွယ်ရှိ    ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ceramic Floor Tile (၁၄၀၀) စတုရန်းမီတာအပါအဝင်   ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၈၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၅ ရက်တွင်  ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂) စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကားတာယာမျိုးစုံ (Used) (၃၃၃)လုံးအပါအဝင် ကုန်ပစ္စည်း(၅)မျိုး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၉၂၀၀၀၀)၊     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Nissan Diesel Truck (၁) စီးနှင့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊  မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေး၊ ရပ်ကွက်(၄)အတွင်းရှိ ဂိုဒေါင်၌   တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည် (၁၈၅၀၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၀၀၀၀၀)ကိုလည်းကောင်း၊   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၇၂၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ မတ်လ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်    မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁၅)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင်    ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့်   တရုတ်နိုင်ငံထုတ် Ceramic Tiles (၁၈၀၂၅ ဒသမ ၉၂)စတုရန်းမီတာ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၂၉၀၁၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဗဟန်းမြို့နယ်၊ အလံပြဘုရားလမ်း၊ တိရစ္ဆာန်ရုံအနီး၌ လိုင်စင်မဲ့ Toyota Crown  မော်တော်ယာဉ် (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကိုလည်းကောင်း၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်- ပြည်လမ်း၊ မြို့ချောင်းတိုးဂိတ်အနီး၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၊ အမှတ်(၂၆)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမအနီး၌   လိုင်စင်မဲ့ Toyota Noah  မော်တော်ယာဉ်  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် မတ်လ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၆ ဒသမ ၄၆၈)တန်၊ အခြားသစ် (၂ ဒသမ ၉၄၉)တန် စုစုပေါင်း (ခန့်မှန်း   တန်ဖိုးငွေကျပ် ၂၃၄၁၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၄၃၁၉၄၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။