ဥရောပထိပ်တန်း အသင်းကြီးများအနေဖြင့် နည်းပြဒီဇာဘီကို ခေါ်ယူမည်ဆိုပါက စာချုပ်လျော်ကြေးအဖြစ် စတာလင်ပေါင် ၁၂ သန်းပေးချေရမည်ဖြစ်ကြောင်း ဘရိုက်တန်အသင်း သတိပေး

 

ဥရောပထိပ်တန်း အသင်းကြီးများအနေဖြင့် နည်းပြဒီဇာဘီကို ခေါ်ယူမည်ဆိုပါက စာချုပ်လျော်ကြေးအဖြစ် စတာလင်ပေါင် ၁၂ သန်းပေးချေရမည်ဖြစ်ကြောင်း ဘရိုက်တန်အသင်း သတိပေး

ဘရိုက်တန်အသင်းက ဥရောပထိပ်တန်းအသင်း ကြီးများအနေဖြင့် အသင်းမှ နည်းပြဒီဇာဘီက ိုခေါ်ယူလိုပါက စာချုပ်လျော်ကြေးငွေအဖြစ် စတာလင်ပေါင် ၁၂ သန်းပေးချေရမည်ဖြစ်ကြောင်း သတိပေးမှုပြုလုပ်ခဲ့သည်။

အသက်  ၄၄  နှစ်အရွယ်  အီတလီလူမျိုးနည်းပြ ဒီဇာဘီသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဘရိုက် တန်အသင်းကို   စတင်တာဝန်ယူကိုင်တွယ်ပြီးနောက် ပြီးခဲ့သည့်ဘောလုံးရာသီက   အသင်းနှင့်ပထမဆုံး ဘောလုံးရာသီတွင်ပင်   ရလဒ်ကောင်းများရရှိအောင်   စွမ်းဆောင်ပေးနိုင်ခဲ့ကာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိသည့်အပြင်  ယခုဘောလုံးရာသီတွင်လည်း  အသင်းကို  ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင် သူဖြစ်သည်။

ယခုဘောလုံးရာသီအကုန်တွင်   လက်ရှိနည်းပြများနှင့် လမ်းခွဲကြမည့် ဥရောပထိပ်တန်းအသင်းကြီးများ ဖြစ်သည့် ဘာစီလိုနာအသင်းနှင့် လီဗာပူးအသင်းတို့က ရာသီအကုန်တွင် နည်းပြဒီဇာဘီကို နည်းပြသစ် ခန့်အပ်ရန် စီစဉ်နေပြီး ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေသည့်  မန်ယူအသင်းကလည်း  ၎င်းကိုခေါ်ယူဖွယ်ရှိ နေသည်။

လက်ရှိ  ဘရိုက်တန်အသင်းနှင့်ဒီဇာဘီတို့ချုပ်ဆို ထားသော စာချုပ်သက်တမ်းမှာ ၂၀၂၆  ခုနှစ်အထိ ကျန်ရှိနေပြီး စာချုပ်ချုပ်ဆိုစဉ် ကတည်းက  စာချုပ် သက်တမ်းမကုန်ဆုံးမီ ထွက်ခွာလိုပါက ခေါ်ယူမည့် အသင်းများအနေဖြင့် စာချုပ်လျော်ကြေး စတာလင် ပေါင် ၁၂ သန်းပေးချေရမည်ဟု ချုပ်ဆိုထားကြောင်း သိရသည်။               

Ref;Football London