ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုး ၅၀ ပြည့်မြောက်သည့် ပထမဆုံးဗြိတိန်ကစားသမားအဖြစ် ဟယ်ရီကိန်းမှတ်တမ်းဝင်

 

ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုး ၅၀ ပြည့်မြောက်သည့် ပထမဆုံးဗြိတိန်ကစားသမားအဖြစ် ဟယ်ရီကိန်းမှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုး ၅၀ ပြည့်မြောက်သည့် ပထမဆုံး ဗြိတိန်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ   (၁၆)   သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားသော ဘိုင်ယန်မြူးနစ် အသင်းက လာဇီယိုအသင်းကို ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင် ရရှိသည့်ပွဲစဉ်တွင် ဟယ်ရီကိန်းက ပွဲချိန် ၃၈ မိနစ် နှင့် ၆၆ မိနစ်တို့တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီး ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုး ၅၁ ဂိုးအထိရှိလာပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အသက်  ၃၀  အရွယ် ဟယ်ရီကိန်းသည် ဥရောပ အဆင့်ပြိုင်ပွဲများတွင်ကစားစဉ်က  ယူရိုပါလိဂ်ပြိုင်ပွဲ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် သွင်းဂိုး ၄၅ ဂိုးအထိ  သွင်းယူနိုင်ပြီး ယခုဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ    ခြောက်ဂိုးသွင်းယူနိုင်ပြီးနောက် ဥရောပအဆင့်ပြိုင်ပွဲများတွင်  သွင်းဂိုး  ၅၁   ဂိုးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက စပါးအသင်းမှ ဘိုင်ယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် အသင်းနှင့် အတူ ပထမဆုံးဘောလုံးရာသီတွင် ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကောင်းများပြသနေပြီး  ပြိုင်ပွဲစုံ  ၃၃ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူနိုင် သည့်အပြင် ဂိုးဖန်တီးမှုလည်း ရှစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့သည်။

ဥရောပအဆင့်ပြိုင်ပွဲများတွင် ဗြိတိန်မှ ထိပ်တန်း ဂန္ထဝင်ကစားသမားများစွာပါဝင်ကစားခဲ့ကြသော်လည်း သွင်းဂိုး ၅၀ သွင်းယူနိုင်သည့်ကစားသမားတစ်ဦးမျှမရှိ ဘဲ ဟယ်ရီကိန်းက ပထမဆုံးကစားသမားဖြစ်လာခဲ့ ကာ ၎င်းင်း၏နောက်တွင် လီဗာပူးအသင်းကစားသမား ဟောင်း စတီဗင်ဂျရတ်က ၄၁ ဂိုးနှင့် မန်ယူအသင်း ကစားသမားဟောင်းရွန်နီက သွင်းဂိုး ၄၀ သွင်းယူခဲ့ ကြကြောင်း သိရသည်။            

  Ref;Telegraph