ဗီယက်နမ်၏ပင်လယ်စာတင်ပို့မှုက ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာနိုင်ဟုဆို

 

ဗီယက်နမ်၏ပင်လယ်စာတင်ပို့မှုက ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာနိုင်ဟုဆို

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ယခု ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံပမာဏအထိ မြင့်တက်လာနိုင်ကြောင်း ယင်းနိုင်ငံရှိ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ Vietnam News သတင်းစာတွင်ဖော်ပြထားသည်။

ဗီယက်နမ်ပင်လယ်စာထုတ်လုပ်တင်ပို့ရေးကဏ္ဍသည် ၂၀၂၄ ခုနှစ်အစောပိုင်းလများ အတွင်း  ဝယ်လိုအားမှာ ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဒေါ်လာ ၇၅၀ သန်းအထိ မြင့်တက်လာပြီး ယင်းနိုင်ငံကတင်ပို့သည့် ပင်လယ်စာထုတ်ကုန်အမျိုးအစားများမှာလည်း ယခင်နှစ်ကထက် ပိုမိုကောင်းမွန်တိုးတက်လာကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပင်လယ်စာထုတ်ကုန်ပမာဏမှာ သုံးဆကျော်အထိ မြင့်တက်လာကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအဖွဲ့ကပြောသည်။

ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၃  ခုနှစ်တွင် ဒေါ်လာ ၉ ဘီလီယံခန့်သာရှိသောကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

Ref: Xinhua