(၇၉)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

(၇၉)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၈

          (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲများကို ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြသည်။

          အဆိုပါ (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲများသို့ ဝင်ရောက်ဖြေဆိုနေကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။