(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ၂၀၂၄ မတ် - ၈

          ၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက်နေ့တွင်ကျရာက်မည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်းခန်းမ၌ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၇၉ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။

          ဦးစွာ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ လှူဒါန်းထားသော သွေးများကို တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံးကြီး သို့ ၅၉ ပုလင်းနှင့် နယ်မြေခံဆေးတပ်ရင်းသို့ ၂၀ ပုလင်း၊ စုစုပေါင်း ၇၉ ပုလင်း ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။