ဆီဆိုင်မြို့ကို တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ဆီဆိုင်မြို့ကို တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ် ၈

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို မတ်လ ၆ ရက်နေ့က တပ်မတော်မှ ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါ သတင်းနှင့်ပတ်သက်၍ မတ်လ ၆ ရက်နေ့က ဆီဆိုင်မြို့တွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိကြောင်း၊ ထို့အပြင် တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခြင်းများနှင့် ဓာတုအဆိပ်ငွေ့ဗုံး များအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများမှ မတ်လ ၇ ရက်နေ့က ဆီဆိုင်မြို့အတွင်းသို့ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။

          တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ် များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။