ပေါင်မြို့နယ်၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

 

ပေါင်မြို့နယ်၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

 

    မွန်ပြည်နယ်  ပေါင်မြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) နတ်မှော် ၌   နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို မတ်လ ၇ ရက်က ကျင်းပသည်။

ရှေးဦးစွာ     ကျောင်းဆောင်သစ်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းဆောင်သစ် ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ  ပညာသင်ကြားနိုင်ကြောင်း၊ ကျောင်းများတွင်လည်း ကျောင်းဆောင်သစ်များ လိုအပ်နေသည့်အတွက် လှူဒါန်းပေးသည့်အလှူရှင်များကို ကျေးဇူးတင်ကြောင်း၊ ကျောင်းများတွင် ကျောင်းဆောင်သစ်များ တိုးပွားလာမှသာ     ပညာရေးအတွက် အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝေေ၀ဆာဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးထံ လွဲှပြောင်းပေးအပ်ပြီး ကျောင်းရန်ပုံငွေအတွက် အလှူငွေ ငွေ ကျပ်နှစ်သိန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြတ်ထံ  ပေးအပ်ကာ ဘင်ခရာ အဖွဲ့  ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

အဆိုပါ    ကျောင်းဆောင်သစ်သည် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ သံကူကွန်ကရစ်နှစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး စုစုပေါင်းငွေကျပ်  ၂၂၀ ဒသမ  ၅  သန်း အကုန်အကျခံ   ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောင်းဆောင်သစ်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နတ်မှော် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီ သီမြတ်နှင့် ဆရာ၊ ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး   ဦးစောမြသောင်းနှင့် ကျောင်းသားမိဘများ    တက်ရောက်ကြကြောင်း သိရသည်။