အမေရိကန်ခရီးသည်တင် လေယာဉ်တစ်စင်း၏ လေယာဉ်ပျံဘီးမှ တာယာ ပြုတ်ကျခြင်းကြောင့် လေယာဉ်အား လမ်းကြောင်း ပြောင်းလဲခဲ့ရ

 

အမေရိကန်ခရီးသည်တင် လေယာဉ်တစ်စင်း၏ လေယာဉ်ပျံဘီးမှ တာယာ ပြုတ်ကျခြင်းကြောင့် လေယာဉ်အား လမ်းကြောင်း ပြောင်းလဲခဲ့ရ

 

    အမေရိကန်လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ပျံသန်းရန် လေဆိပ်မှ ထွက်ခွာပြီးနောက် လေယာဉ်ပျံဘီး မှ တာယာပြုတ်ကျခြင်းကြောင့် လေယာဉ် အား လမ်းကြောင်း ပြောင်းလဲလိုက်ရကြောင်း သိရသည်။

အမေရိကန်လေကြောင်းလိုင်းမှ Boeing 777-200  သည် ဆန်ဖရန်စစ္စကိုမြို့မှ ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ဦးတည်ပျံသန်းနေခြင်းဖြစ်ပြီး လေယာဉ်ဘီးမှ တာယာပြုတ်ကျခဲ့ပြီး ကားရပ်နားဝင်း အတွင်းရှိ မော်တော်ယာဉ် တစ်စီးအား ပျက်စီးစေခဲ့ခြင်းကြောင့် လော့စ်အိန်ဂျလိစ်မြို့သို့   လမ်းကြောင်း ပြောင်းလဲရခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း ခရီးသည်တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း  သိရသည်။

သြနငညါ ၇၇၇-၂၀၀ လေယာဉ်၏  အဆင်းဘီးများတွင် တာယာခြောက်ခုစီ တပ်ဆင်ထား သောကြောင့် အကယ်၍ တာယာများ ပြုတ်ထွက်သွားပါက   အန္တရာယ်ကင်းစွာဖြင့် ဆင်းသက်နိုင်စေမည် ဖြစ်ကြောင်း အမေရိကန်လေကြောင်းလိုင်းက  ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။

နောက်ပိုင်းတွင် Boeing 777-200 လေယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီး သည်များအား အခြားလေယာဉ် တစ်စင်းဖြင့် အိုဆာကာမြို့သို့ ပို့ဆောင်ခဲ့ပြီး လေယာဉ် ၏ လိုအပ်ချက်များကို  ဖြေရှင်းနိုင်ရန် လုပ်ဆောင်မည်ဟု အဆိုပါလေကြောင်းလိုင်းက ဆက်လက် ထုတ်ပြန်သည်။