AFC Women's Football Day 2024 အမျိုးသမီး ဘောလုံးပွဲတော်ကျင်းပ

 

AFC Women's Football Day 2024 အမျိုးသမီး ဘောလုံးပွဲတော်ကျင်းပ

 

ရန်ကုန်  မတ်  ၈

    အာရှဘောလုံးအဖွဲ့ချုပ် အစီအစဉ် တစ်ရပ်ဖြစ်သည့်  AFC Women's Football Day 2024  အမျိုးသမီး ဘောလုံးပွဲတော်အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှကြီးမှူး၍ ယနေ့နံနက် ၇ နာရီတွင် ဗဟန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ အခြေခံပညာဦးစီးဌာနမှ ကျောင်းသူ ၂၅၀ ဦးနှင့် ဆရာ၊ ဆရာမ ၄၀ ဦးတို့ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

    နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့သည့် အဆိုပါအမျိုးသမီးဘောလုံးပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘများ၊ ဧည့်သည်တော်များနှင့် ကျောင်းသူများ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

    အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသမီးဘောလုံးပွဲတော် အစီ အစဉ်များအား ဆက်လက် ကျင်းပခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားများအား အနီအသင်းနှင့် အဖြူအသင်း နှစ်သင်းခွဲကာ သရုပ်ပြခြေစမ်းပွဲ ကျင်းပခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ အမျိုးသမီးများနေ့အထိမ်းအမှတ် ဘောလုံးပွဲတော်များအား အာရှဘောလုံး အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိ ကြောင်း သိရသည်။