(၇၉) နှစ်မြောက် တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

(၇၉) နှစ်မြောက် တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၉

         အနောက်တောင်တိုင်းစစ်ဌာနချုပ် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲအား ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

         အဆိုပါ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအဆင့် အဆင့်(၄)ဆင့်တွင်  ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူများ၏ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။