ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၉

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ခရေရိပ်သာ၌ တွေ့ဆုံသည်။

         ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား အသီးသီး ချီးမြှင့်ထောက်ပံ ပေးအပ်ရာ  ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်အသီးသီးမှ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။