MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

ရန်ကုန်  မတ်  ၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့်   MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို   ယနေ့ညနေပိုင်းမှ စတင်ပြီး ရန်ကုန်မြို့၌ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့် အပျော်တမ်းလိဂ်မှ   ခြေစစ်ပွဲအောင်မြင်သည့် အသင်းများဖြင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ ကျင်းပခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)အုပ်စုပွဲစဉ်များအဖြစ် ညနေ ၄ နာရီက တက္ကသိုလ်အားကစားကွင်းတွင် မဟာယူနိုက်တက်အသင်းနှင့်  GFA  အသင်းတို့ကစားခဲ့ရာ မဟာယူနိုက်တက်အသင်းက      MNL League Cup 2024 ပြိုင်ပွဲမှ ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ YUSC အားကစားကွင်းတွင်    ရွှေပြည်သာယူနိုက်တက်အသင်းနှင့် University အသင်းတို့ကစားခဲ့ရာ University အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

အလားတူ အုပ်စု(B)အုပ်စုပွဲစဉ်များအဖြစ် ညနေ ၃ နာရီ ၄၅ မိနစ်က ပဒုမ္မာအားကစားကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့်  ကချင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ကချင်ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၄ နာရီက သုဝဏ္ဏအားကစားကွင်းတွင် ရိန်းဘိုးအသင်းနှင့် Glory Goal အသင်းတို့ကစားခဲ့ရာ  Glory Goal အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မတ်လ ၁၀ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (C)ပွဲစဉ်များအဖြစ် ဒဂုံစတားအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ဆေးဗားစတားအသင်းနှင့် Dagon Star အသင်း၊ အုပ်စု(D)ပွဲစဉ်များအဖြစ် မြဝတီအက်ဖ်စီအသင်းနှင့်  ရတနာပုံအက်ဖ်စီအသင်း၊ ရက္ခပူရယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်