၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  မတ်  ၉

မျိုးဆက်သစ်အားကစားသမာများ ပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့်      (အမျိုးသား/အမျိုးသမီး) Form(B) ၁၂ နှစ်အထက်(အမျိုးသမီး) ကွန့်စုပြိုင်ပွဲ၊ ချန်းစုပြိုင်ပွဲ၊ နန်းကွန့်ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) Form(B) ၁၂ နှစ်အောက် ကွန့်စုပြိုင်ပွဲ၊ ချန်းစုပြိုင်ပွဲနှင့် နန်းကွန့်ပြိုင်ပွဲ   ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား/အမျိုးသမီး)   ၄၈ ကီလို၊ ၅၂ ကီလို၊ ၅၆ ကီလို၊ ၆၀ ကီလိုပြိုင်ပွဲ၊ (အမျိုးသား)  ၇၀ ကီလို၊   ၇၅ ကီလိုပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း  အသီးသီးယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်  အားကစားဝါသနာရှင်များ  လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်(ယနေ့)တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲပွဲစဉ်များနှင့် (ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို  အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

               ကျော်လွင်(မြဝတီ)