တောင်ကြီးနှင့်တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

တောင်ကြီးနှင့်တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၈ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် တောင်ကြီးမြို့နယ် မိုင်းသော်(အနောက်)ကျေးရွာအုပ်စု ဟဲကယ်ကျေးရွာအနီးတွင်   သားဦး မောင်းနှင်လာသော ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၅၀၀၀၀ ကိုလည်းကောင်း၊ ထို့ပြင်ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ည ၆ နာရီတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ဆမ်ဂျုံ မောင်းနှင်ပြီး ကျဟယ် လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ပြောင်းဆေးဝါး  ကက်တမင်း ကီလို ၁၀ အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည  ၆ နာရီ ၄၅  မိနစ်တွင်  စိုင်းလှဆွေ(ခ) အိုက်ကျိုင်းအား   တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိနေအိမ်တွင် စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉၈ ကီလို၊ အိုက်စ် သုည ဒသမ ၀၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။