AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံး၊ ကလေးငယ်  ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ

 

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံး၊ ကလေးငယ်  ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ် - ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက် သောင်းကျန်းသူများသည် မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက် အရပ်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက် အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက် များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိသည်။