မန်ယူအသင်းသမိုင်းတစ်လျှောက် တစ်ပွဲတည်း ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် ဂါနာချိုမှတ်တမ်းဝင်

 

မန်ယူအသင်းသမိုင်းတစ်လျှောက် တစ်ပွဲတည်း ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် ဂါနာချိုမှတ်တမ်းဝင်

မန်ယူအသင်း    လူငယ်တောင်ပံကစားသမားဂါနာချိုသည် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက်   မန်ယူအသင်းသမိုင်းတစ်လျှောက် တစ်ပွဲတည်း ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အဖြစ် ကစားသည့် မန်ယူအသင်းက အဲဗာတန်အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲစဉ်တွင် ဂါနာချိုသည် အသင်းနှင့်အတူ  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး  ပွဲချိန် ၁၁ မိနစ်၌ ဂါနာချို၏ ကျော်ဖြတ်မှုကို အဲဗာတန်အသင်းခံစစ်ကစားသမား  တာကောစကီးက  ဖျက်ထုတ်ရာတွင် ကြမ်းတမ်း ခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော်ပါက ပယ်နယ်တီ သတ်မှတ်ပေးခဲ့ကာ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။

အလားတူ ပွဲချိန် ၃၅ မိနစ်တွင် မန်ယူအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် တိုက်စစ်ဆင်မှု ပြုလုပ်ချိန်တွင် ဂါနာချိုဘောလုံး ဆွဲပြေးလာသည်ကို အဲဗာတန် အသင်းခံစစ်ကစားသမား  ဂေါ့ဖရီက  ဖျက်ထုတ်ရာတွင် ဘောလုံးကိုမထိဘဲ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သောကြောင့် ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော်ပါက  ပယ်နယ်တီသတ်မှတ်ပေးခဲ့ရာ   ရက်ရှ်ဖို့ဒ်က အသင်းအတွက် ဒုတိယသွင်းဂိုးသွင်းယူနိုင်ခဲ့သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက်  တစ်ပွဲတည်း ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သည့် ကစားသမားတစ်ဦးမှ မရှိဘဲ ဂါနာချိုက ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အလားတူ  ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်လည်း   ၂၀၂၁   ခုနှစ်က   ချယ်လ်ဆီးအသင်းမှ ခံစစ်ကစားသမားဟောင်း ရူဒီဂါနောက်ပိုင်း ဂါနာချိုက တစ်ပွဲတည်း  ပယ်နယ်တီနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။                   

Ref;ESPN