အာဆင်နယ်အသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချမည့် ဇက်ချန်ကိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၃၃ သန်းသတ်မှတ်

 

အာဆင်နယ်အသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချမည့် ဇက်ချန်ကိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၃၃ သန်းသတ်မှတ်

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင်    ရောင်းချမည့် တောင်ပံခံစစ်ကစားသမား ဇက်ချန်ကိုအတွက် ပြောင်း ရွှေ့ကြေးကို စတာလင်ပေါင် ၃၃ သန်းသတ်မှတ်ခဲ့ ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဇက်ချန်ကိုသည် ၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး   အသင်း၌ ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏ ဒဏ်ရာရရှိနေသည့်အတွက် အာဆင်နယ်အသင်းက ပြန်လည်ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဇက်ချန်ကိုသည်   ယခုဘောလုံးရာသီတွင်  ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပြီး  ၎င်း၏နေရာတွင်  ခီဝီယောကို  အစားထိုး ကစားစေရာ အကောင်းဆုံးခြေစွမ်းပြနိုင်သည့်အတွက် အာဆင်နယ် အသင်းက   ခီဝီယောကို  အသင်း၌ဆက်လက်ကစားစေလိုပြီး မကြာခဏဒဏ်ရာရရှိနေသည့် ဇက်ချန်ကိုအား လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်  ဇက်ချန်ကိုအားခေါ်ယူရန်  နယူးကာဆယ်အသင်းအပြင် ဂျာမန်ထိပ်တန်း ဘိုင်ယန်မြူးနစ် အသင်းကလည်း ပြင်ဆင်လျက်ရှိသည့်အတွက် အာဆင်နယ် အသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၃၃ သန်းသတ်မှတ်ခဲ့ကြောင်း သိရသည်။                  

Ref;Fooball London