တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင်  မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Crystal One Piece Toilet ခု (၇၀)၊ တရုတ်နိုင်ငံထုတ် Ceramic Tiles (၁၂၆၅၂ ဒသမ ၂) စတုရန်းမီတာ အပအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၅၀၅၅၂၃) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသောမော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Linglong   ကားတာယာအလုံး(၁၅၀)၊  Smart အမွှေးဆီထုပ် (၂၄၀၀)  အပါအဝင်  ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၁၇၅၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့် Yotong Bus (၁)စီး၊ Dong Feng Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၅၂၃၀၂၃)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊  ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် BM Speaker (၄)လုံး၊ တရုတ်စာသားတံဆိပ်ပါ အချိုရည် ထုပ်(၆၂၀) အပါအဝင် ကုန်ပစ္စည်း (၅၃)မျိုး စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၂၁၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၈ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ သက္ကောလုံခြုံရေး စခန်းအနီး၌  မော်တော်ယာဉ်(၇)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်အသေး (၁၉၁၃၁)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၁၈)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၂၅၇၉၀၀၀)နှင့် အဆိုပါပုစွန်များ တင်ဆောင်လာသည့် Nissan Condor Truck  (၄)စီး၊ Mitsubishi Fuso Truck (၂)စီး၊ Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၀၀၀၀၀၀၀)၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၂၅၇၉၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှရန်ကုန်မြို့သို့  မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Billions ကော်မှုန့် အိတ် (၁၅၀)၊ Wonder Cat ကြောင်စာ အိတ် (၈၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ်    ၄၉၅၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့၊ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ်(၁)စီးပေါ်မှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်  ကွဲလွဲစွာပါရှိလာသည့် Lactasoy  ပဲနို့ဘူး  (၁၂၀၀၀)၊  108 Detergent  ဆပ်ပြာမှုန့်ထုပ် (၂၄၀၀) အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မြဝတီမြို့၊ ရပ်ကွက် (၆)၊ ဗိုလ်ကြာသုပ်လမ်းအတွင်းရှိ ဂိုဒေါင်(၁)လုံး၌   တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည်ပုလင်း (၁၆၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၃၂၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၉၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ဒဂုံမြို့နယ်၊ မော်လမြိုင်လမ်း၊ (၂၃)ရပ်ကွက်ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း   အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ballon Candy  ချိုချဉ်ထုပ်  (၁၆၅၀၀)၊ ထိုင်းနိုင်ငံထုတ် မက်မွန်သီးထုပ် (၂၇၄၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၈၃၃၅၀၃၀၂၃) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။