ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့နှင့် ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် အိန္ဒိယလက်မှတ်ထိုး

 

ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့နှင့် ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် အိန္ဒိယလက်မှတ်ထိုး

အိန္ဒိယနိုင်ငံသည် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ (EFTA) နှင့် ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို မတ်လ  ၁၀ ရက်တွင်  လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကပြောသည်။

အဆိုပါ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် နော်ဝေ၊ ဆွစ်ဇာလန်နှင့် အိုက်စလန်နိုင်ငံတို့နှင့်ပါ ကုန်သွယ်ခွင့်ရရှိမည်ဖြစ်သည်။

ထို့ပြင် ယင်းသဘောတူညီချက်အရ နိုင်ငံအတွင်းသို့ လာမည့် ၁၅ နှစ်အတွင်း ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဟု အိန္ဒိယအစိုးရက မျှော်မှန်းလျက်ရှိသည်။

ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအဖွဲ့နှင့်  အိန္ဒိယတို့ကြား ယခုလက်မှတ်ရေးထိုး ခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်သည်  အိန္ဒိယနိုင်ငံအတွင်းရှိ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဝါးကုသမှု ပစ္စည်းထုတ်လုပ်ရေး၊ ပြုပြင်ထားသည့် အစားအစာထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်ရေး   စသည့်ကဏ္ဍ များအတွက် အကျိုးအမြတ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ယခုလက်မှတ်ရေးထိုးခဲ့သည့်    ကုန်သွယ်ရေး သဘောတူညီချက်သည်  ဥရောလွတ်လပ်စွာ ကုန်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အတွက်   အပြောင်းအလဲသစ်တစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက    ခေါ်ဆိုထားကြောင်း   သိရသည်။

                      Ref:Newsbytes