ပါကစ္စတန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် အာဆစ် အလီဇာဒါရီကျမ်းသစ္စာကျိန်ဆို

 

ပါကစ္စတန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် အာဆစ် အလီဇာဒါရီကျမ်းသစ္စာကျိန်ဆို

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံ၏၁၄ဦးမြောက် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် အာဆစ်အလီဇာဒါရီသည် ၎င်း၏ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သမ္မတအိမ်တော် ၌ မတ်လ ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း သမ္မတရုံးမှထုတ်ပြန်သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ် ကာဇီဖေအက်အိုင်ဆာက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ ရာထူးမှနုတ်ထွက်တော့မည့် အာရစ်ဖ် အယ်လီ၊ ဝန်ကြီးချုပ် ရှာဘက်ရှာရစ်ဖ်၊ နိုင်ငံရေးသမားများနှင့် ဖိတ်ကြားထားသည့်   နိုင်ငံခြားသားဧည့်သည်များ တက်ရောက်သည်။

ဇာဒါရီသည် မတ်လ  ၉ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ၌  လွှတ်တော်နှင့် ဒေသန္တရလွှတ်တော်များ၌   ထောက်ခံမဲ ၄၁၁ မဲ၊ ကန့်ကွက်မဲ ၁၈၁ မဲဖြင့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း မေမွတ်ခန်းအာချက်ဇာအီအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဇာဒါရီသည် နိုင်ငံ၏ ၁၁ ဦးမြောက်သမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ  ၂၀၁၃   ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖူးပြီး ပါကစ္စတန်နိုင်ငံ၏ သမ္မတရာထူးကို ဒုတိယအကြိမ် ထမ်းဆောင်သည့် ပထမဆုံးသော အရပ်သား နိုင်ငံရေးသမား ဖြစ်လာသည်။ ဇာဒါရီသည် ၎င်း၏သမ္မတပထမသက်တမ်းတွင် နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူစေရန် များစွာအထောက်အကူ ပြုနိုင်ခဲ့ကြောင်း သိရသည်။

                        Ref:Xinhua