ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့်  အားကစား လေ့ကျင့်ရေး စခန်းများအား ဒုတိယဝန်ကြီး ဦးထိန်လင်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့်  အားကစား လေ့ကျင့်ရေး စခန်းများအား ဒုတိယဝန်ကြီး ဦးထိန်လင်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  မတ်  ၁၀

 

    အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင်   ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)     ရေကူးကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားကာ     ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စခန်းဝင် အားကစားသမားများ၏ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး  မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၌ (၁၃)ကြိမ် မြောက်    အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသည့် အားကစားနည်း ၁၂ နည်းမှ  အားကစားသမား များနှင့်    ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အတွက် အားပေးစကား ပြောကြားကာ   ဆေးခန်း၊ စားရိပ်သာများကို   လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာ အားကစားကွင်းသို့ ရောက်ရှိပြီး   အထူးတန်းပွဲကြည့်စင် ပြင်ဆင်ထားရှိမှု၊  Synthetics   ပြေးလမ်း၊ ဘောလုံးကွင်းနှင့် တည်ဆောက်ဆဲ   လက်ဝှေ့အားကစားရုံ၊   အမျိုးသား/အမျိုးသမီး    လေးထပ် အိပ်ဆောင်များကို   လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်  လူငယ်အားကစား လေ့ကျင့်ရေးစခန်း  (Youth Training Center)   သို့  ရောက်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Myanmar National League  CEO  ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက လက်ရှိပြိုင်ပွဲ ကျင်းပနေမှုနှင့် ဖူဆယ်အားကစားနည်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်း ပြသသည်။

 ဆက်လက်၍  ဒုတိယဝန်ကြီးသည့် YTC  ဝင်းအတွင်းရှိ အမျိုးသား/အမျိုးသမီး လေးထပ် အားကစားသမားအိပ်ဆောင်များ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊   မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်တို့၏  လေ့ကျင့်ရေး အားကစားရုံများ၊   မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်၌ အားကစားသမားများ  My Whoosh Software ဖြင့် Electric Bike    စီးနင်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။